
ဒီနေ့ (24.6.2015) ဟာ ကျေးဇူးတော်ရှင် ဖားအောက်ဆရာတော် ဘုရားကြီး ရဲ့ ၈၁နှစ်မြောက်မွေးနေ့ ဖြစ်ပါတယ်..။
ဆရာတော်ဘုရား နှင့်ပတ်သက်ပြီး ထူးဆန်းတဲ့ အဖြစ်အပျက် လေးတစ်ခု ရှိခဲ့ဘူးတာကို မျှဝေ ရင်းဆရာတော်ဘုရားကိုမွေးနေ့အထိန်းအမှတ် ပူဇော်ကန်တော့ချ င်ပါတယ်။
ကျွန်မက ငယ်ငယ် က မြတ်မင်္ဂလာ ၊ဓမ္မဗျူဟာ ၊ သီလ၀ စတဲ့ ဘာသာရေးစာစောင်ေ လးများ ကို နှစ်နှစ် ခြိုက် ခြိုက် စုဆောင်း ဖတ်ရှု ခဲ့ပါတယ်..။ စာစောင်လေးများထဲ မှာ ကိုယ်တွေ့ အဖြစ်အပျက်လေးများ ၊ အရေး ကြုံတဲ့အခါ တရား ကကယ်တင်ပုံ ၊ သူတော်ကောင်းဆရာ တော်ကြီးများကစောင့်ရှောက်ပေးပုံ တွေ ပါဝင်ပါတယ်..။ ဒီစာစောင်လေးများ ဟာအားကိုးရာဘ၀လမ်းညွှန် အဖြစ် ဘုရား ကျောင်းဆောင်အော က်မှာ စနစ်တကျ ပူဇော်ထားခဲ့ဘူး ပါတယ်..။
အဲဒီအချိန်တုံး ကမြန်မာ မှာ သာမည ဆရာတော်ဘုရားကို ပူဇော်နေကြ တဲ့အချိန်ပါ။ မွန်ပြည်နယ် က လူတစ်ဦးဟာ ဆိုင်ကယ် စီးနေရင်း တံတားတစ်ခု အဖြတ်မှာ ဆိုင်ကယ် က အန္တရာယ် ကျရောက်တိမ်းမှောက် ခါနီး ဖြစ်တော့ ရုတ်တရက် လက်ကနဲ * သာမညဆရာတော်ဘုရားကယ်တော်မူပါ *တလိုက်မိပါသတဲ့ ..။
အရှိန်ပြင်းထန် တဲ့ ဆိုင်ကယ် ကလွင့်ထွက်သွာြး ပီး သူက အနားကရွှံ တောထဲကို ညင်သာစွာ စွပ်ကနဲ ကျရောက် ကာ သေကံမရောက်ခဲ့တာ ရေးထားဘူးပါတယ်. .။
သူတော်စင် အရိယာ သံဃာတော် များအပေါ် ယုံကြည်စိတ်သည် စောင့်ရှောက် နိုင်ကြောင်း ကျွန်မ မှတ်သားခဲ့ဘူးပါ တယ်..။
ဒီနေရာမှာ တန်ခိုးရှင် လို ကယ်တင်ရှင် လို မယူသင့်ဘူးလို့ အယူအဆ ကွဲလွဲကောင်းကွဲ လွဲ ပါလိမ့်မယ်..။
မေတ္တာ တရား သည် Electro-magneti c wave လို စိတ်လှိုင်း များ အသွင်ရှိတယ် ဆိုတာ လက်ခံ လျှင် ဒီအဖြစ်အပျက် ကို လက်ခံနိုင်ပါလိမ့်မယ်..။
အရိယာသူတော်စင်တို့ ဟာ သတ္တ၀ါတို့အပေါ် မှာ မေတ္တာ ၊ ကရုဏာ တရားတို့ ဗြဟ္မစိုရ်လှိုင်း များ ထာဝစဉ် လွှင့်ထုတ် လွှမ်းခြုံထားတယ် လို့လည်းကျွန်မ ကယုံကြည်ထားပါတယ်..။
ဒါဖတ်ပြီး ကျွန်မ ၁၉၉၉ ခုနှစ် စက်တင်ဘာ လထဲမှာ ထိုင်းနိုင်ငံ Vientai Hotel ,အခန်း ၆၃၃ ၆ လွှာ မှာ တည်းခိုနေစဉ် ညဘက် ခြေသလုံးကြွက်တက်တော့…တော်တော်ေ လးပြင်းပြင်းထန် ထန်ခံစားရပါတယ်. .အခံရလည်းခက်လှပါတယ်။
ကူကယ် မဲ့သူမရှိ..အဖေါ် လည်းမပါ ဆိုတော့ ထိုဆောင်းပါးးလေးကို ဖျတ်ကနဲ သတိရလိုက်ကာ * သာမညဆရာတော်ဘုရားကယ်တော်မူပါ ဘုရား* လို့ တိုင်တည် ဆုတောင်းမိပါတယ် ..။
မိနစ်မှပင်မကြာ… ဖြုတ်ကနဲ သက်သာသွားတာ ကိုယ်တွေ့ မို့ ရုတ်ချည်းထထိုင် ကာ ကန်တော့မိပါတယ်. .။
နောက်ပိုင်းတော့ ကျွန်မ တရာအားထုတ် တာ ကျေးဇူးတော်ရှင် ဖားအောက်ဆရာတော် ဘုရားကြီး နှင့် ပိုင်းလော့ဆရာတော် ဘုရားတို့ ထံမှာ ဖြစ်တာမို့ ဒီဆရာတော်နှစ်ပါး ဓာတ်ပုံများ အိမ်မှာထားကာ ပူဇော် နေခဲ့မိပါတယ်..။
ဒီလို နဲ့ တနေ့ ကျွန်မ အင်းလေးကန် ၊ ကျွန်းကြီးမြောက်ရွာ မှ စာသင်ပြီး ရန်ကုန် သို့အပြန် အင်းထဲ မှာ မိုးသည်းသည်းရွာ ကာမိုးမိ ခဲ့ပါတယ်..။ ညောင်ရွှေရောက်တော့ ညနေ ၄နာရီလောက်မှာ ခေါက်ဆွဲပြုတ် ပူပူတစ်ခွက် မှာ သောက် ခဲ့တာ..။ ကားက ၇နာရီမှာ အောင်ပန်းမှာ ဆိုက်တော့ လူ က ဗိုက်ဆာမှာစိုးတာနဲ့ ဆီချက်ခေါက်ဆွဲ တစ်ပွဲ ထပ်စား ကာ ကားပေါ်ရောက်တော့ ကားပေါ်က ကမ်းတဲ့ အချိုရည်ဘူကို ဖောက်သောက်မိပါတ ယ်..။
တစ်ဝက် ပင်မကုန် သေးမီ အချိန်မှာ မူးဝေလာတာ။ အန်ချင်စိတ်ကို ထိန်းမရ..။ သေချာ သတိ နဲ့ စောင့်ကြည့်နေတဲ့ ကျွန်မ မှာ ကျွန် မမကြာခင် ဒလဟော ထိုးအန်ချတော့မယ် ဆိုတာ သိနေပါတယ်..။ပျို့ တက်တာ မထိန်းနိုင်ခဲ့. .။ ခေါင်းထဲမှာ လည်းတစ်ရိပ်ရိပ် ..။ ကားက အမြင့်… ကြီး။ မိုးရာသီဆိုတော့ လူစီးဘတ်းစ် ပေမဲ့ ကားတစ်စီးလုံး မှလူ ၆ယောက်သာ ပါပါတယ်..။ သန့် ပြန့် နေသော ကား ကိုလည်းပေ မှာစိုး၊ ပလတစ်စတစ်အိတ်အန က်လေးကို လက်ထဲတင်းတင်းဆု ပ်ကိုင် ထားရပါတယ်..။
ဒီအချိန်မှာ ကျွန်မ က ဆရာတော်ကြီး နှစ်ပါး ( ဖားအောက်ဆရာတော် ဘုရား+ ပိုင်းလော့ဆရာတော်ဘုရား ) ကယ်မတော်မူပါ တိုင်တယ် လိုက် ပါတယ်..။ စိတ်ကလည်း ညွှတ်ပြီး အရိုအသေပြုလိုက် တာ..။
စက္ကန့် မှ ပင်ခြားမည် မထင် ခေါင်းနဲ့နောက်မှီခုံ ဇပ်ကနဲထိခါ အိပ်မောကျသွားခဲ့ ရတာ…။
ကျွန်မ နှစ်ခြိုက်စွာအိ ပ်ပျော်ရာမှနိုး သလို နိုးတဲ့အချိန်မှာ တော့ နေပြည်တော် တို့ ၁၁၅ မိုင်တို့ ပင်ကျော်ကာ ၇၅မိုင် ရှိ ယာဉ်ရပ်နား တဲ့နေရာ ရောက်နေခဲ့ပါတယ် ..။
မျက်လှည့်ပြ သလို ဖြစ်ခဲ့ တဲ့ အဖြစ်ကို တဖန်ပြန်ဆင်ခြင် ရပါတယ်…။ အောက်တစ်ပိုင်းေ အးပြီး ပျို့ အန်ချင်နေသော ဝမ်းဗိုက်မှာ သူမဟုတ်သလို..။
ကိုယ့်စိတ်ကို သိပြီး တိတိကျကျ သိနေတဲ့အလေ့အကျင့်ကြောင့် တိတိကျကျ မှတ်မိကာ ထူးဆန်းမှုကို ပိုလို့ ပြတ်သား စွာခံစားခဲ့ရပါတ ယ်..။
သီလ၊သမာဓိ၊ ပညာ ဆည်းပူဖြည့်ကျင့်  နေတဲ့ သူတော်စင်များသည် ၃၁ ဘုံသားဝေနေယျအပေါင်းကို မေတ္တာတော်အနန္တ စေလွှတ် စောင့်ရှောက်နေတ ယ် ဆို တာကို မမှိတ်မသုန် ယုံကြည်မိပါကြော င်း မျှဝေလိုပါတယ်.. ။
*** ဤ စာစုဖြင့် ကျေးဇူးတော်ရှင် ဖားအောက်တောရ ဆရာတော်ဘုရား ကြီး ရဲ့ ၈၁နှစ်မြောက်မွေးနေ့ကို ပူဇော် ကန်တော့ ပါရစေ။
မေတ္တာဖြင့်
သစ္စာအလင်း
ဆရာတော်ဘုရား နှင့်ပတ်သက်ပြီး
ကျွန်မက ငယ်ငယ် က မြတ်မင်္ဂလာ ၊ဓမ္မဗျူဟာ ၊ သီလ၀ စတဲ့ ဘာသာရေးစာစောင်ေ
အဲဒီအချိန်တုံး ကမြန်မာ မှာ သာမည ဆရာတော်ဘုရားကို
အရှိန်ပြင်းထန် တဲ့ ဆိုင်ကယ် ကလွင့်ထွက်သွာြး
သူတော်စင် အရိယာ သံဃာတော် များအပေါ် ယုံကြည်စိတ်သည် စောင့်ရှောက် နိုင်ကြောင်း ကျွန်မ မှတ်သားခဲ့ဘူးပါ
ဒီနေရာမှာ တန်ခိုးရှင် လို ကယ်တင်ရှင် လို မယူသင့်ဘူးလို့ အယူအဆ ကွဲလွဲကောင်းကွဲ
မေတ္တာ တရား သည် Electro-magneti
အရိယာသူတော်စင်တ
ဒါဖတ်ပြီး ကျွန်မ ၁၉၉၉ ခုနှစ် စက်တင်ဘာ လထဲမှာ ထိုင်းနိုင်ငံ Vientai Hotel ,အခန်း ၆၃၃ ၆ လွှာ မှာ တည်းခိုနေစဉ် ညဘက် ခြေသလုံးကြွက်တက
ကူကယ် မဲ့သူမရှိ..အဖေါ်
မိနစ်မှပင်မကြာ…
နောက်ပိုင်းတော့
ဒီလို နဲ့ တနေ့ ကျွန်မ အင်းလေးကန် ၊ ကျွန်းကြီးမြောက
တစ်ဝက် ပင်မကုန် သေးမီ အချိန်မှာ မူးဝေလာတာ။ အန်ချင်စိတ်ကို ထိန်းမရ..။ သေချာ သတိ နဲ့ စောင့်ကြည့်နေတဲ
ဒီအချိန်မှာ ကျွန်မ က ဆရာတော်ကြီး နှစ်ပါး ( ဖားအောက်ဆရာတော်
စက္ကန့် မှ ပင်ခြားမည် မထင် ခေါင်းနဲ့နောက်မ
ကျွန်မ နှစ်ခြိုက်စွာအိ
မျက်လှည့်ပြ သလို ဖြစ်ခဲ့ တဲ့ အဖြစ်ကို တဖန်ပြန်ဆင်ခြင်
ကိုယ့်စိတ်ကို သိပြီး တိတိကျကျ သိနေတဲ့အလေ့အကျင
သီလ၊သမာဓိ၊ ပညာ ဆည်းပူဖြည့်ကျင်
*** ဤ စာစုဖြင့် ကျေးဇူးတော်ရှင်
မေတ္တာဖြင့်
သစ္စာအလင်း
No comments:
Post a Comment